ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် တောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

တောင်ကြီး မေ ၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် တောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်-၃ နှင့် ခရိုင်/ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ မိုးရာသီတွင် ဆောင်ရွက်လျက်ရှိသော  သစ်တောလုပ်ငန်းများဖြစ်သည့် တောင်ကြီးမြို့ရေရရှိရေး အထောက်အကူပြု လုပ်ငန်းဖြစ်သည့် ထီသိမ်ကန် ကြိုးဝိုင်းအတွင်း ၂၀၂၅ မိုးရာသီကွက်လပ်ဖြည့် ထင်းရှူး(၁၀၀၀၀)ပင်အနက် အပင်(၂၀၀၀) စိုက်ပျိုးပြီးစီးမှု၊ တောင်ကြီး(ထင်း)ကြိုးဝိုင်း အကွက်အမှတ်(၉)အတွင်းရှိ  ၁/၂၀၂၅ ရေဝေရေလဲစိုက်ခင်း (၁၀၀)ဧက အနက် ထင်းရှူးပင် (၁၄၀၀)ပင် (၇)ဧက စိုက်ပျိုးပြီးစီးမှုအား လိုက်လံစစ်ဆေးပြီး  အစိုဓာတ် လုံလောက်စွာရရှိပါက စိုက်ပျိုးရန်ကျန်ရှိနေသည့် ဧကများအား  အချိန်မီစိုက်ပျိုးရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

၎င်းနောက် ရေအေးကွင်းရပ်ကွက်၊ ရေထွက်ဦးရှိ ကွက်လပ်ဖြစ်နေသော နေရာများတွင် အပင်(၁၀၀) ဖြည့်စွက်စိုက်ပျိုးပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပင်များ ရှင်သန်အောင်မြင်စေရန် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပြီး အောင်မြင်အောင် ပြုစုထိန်းသိမ်းသွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ စိန်နှင်းဆီသတ္တုတူးဖော်ရေးကုမ္ပဏီ၊ တင်မြင့်ရီရောင်းဝယ်ရေး ကုမ္ပဏီနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပနိုင်ရန် တောင်ကြီး(ထင်း) ကြိုးဝိုင်းနှင့် တောင်ကြီးဌက်ဘေးမဲ့တောများရှိ ကျောက်တောင်များတွင် ကွန်တိုလိုင်းတူးဖော်ပြီးစီးမှုနှင့် မိုက်ခရိုရိုက်ဇာ မြေဆွေးထည့်ခြင်း ဆောင်ရွက်နေမှုများအား လိုက်လံစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

စိုင်းသန်းကျော်(တောင်ကြီး)