ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာငလျင်ဒဏ်သင့် ပြည်သူများအား စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်ဆည် မေ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ငလျင်ဒဏ်သင့်ပြည်သူများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်နိုင်ရေး ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးကြီးကြပ်မှုဖြင့် စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးခြင်းအဖွဲ့မှ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများကို ဖျောက်ဆိပ်ပင်ကျေးရွာ ဓမ္မာရုံတွင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် လူများသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ နေအိမ်များပြိုလဲပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူများအား လူဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)မှ ဖွဲ့စည်းပေးထားသော စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးခြင်းအဖွဲ့ (Psycho-social Support Team) သည် စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများကို ကျေးရွာများပြည်သူများအား ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

တင်တင်ထွေး