ပျော်ဘွယ်မြို့နယ်တွင် (၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပျော်ဘွယ် မေ ၆

(၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အာရုံဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၆) နာရီခွဲက ပျော်ဘွယ်မြို့၊ မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပန်းစုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာသဘနှင့် ဆရာတော်၊ သံဃာတော်များအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး ပန်းစုံကျောင်းတိုက်ဆရာတော်ထံမှ အနုမောဓနာတရား ဟောကြားသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း၊ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များသည် မြို့နယ်ရှိဘိုးဘွားရိပ်သာသို့ သွားရောက်ကာ ဆေးနှင့် အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)