မြစ်သား မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့ နယ်ရွှေသူဌေးရပ်ကွက်ရှိ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲကို ပြန်လည်ဖြေဆိုကြမည့်ကျောင်းသား/သူများအား Day Camp စခန်းသွင်းပြီး ကျောက်ဆည်တက္ကသိုလ်မှ ဆရာ/ဆရာမများက ယမန်နေ့နံနက်ပိုင်းအချိန်က လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲကို ပြန်လည်ဖြေဆိုကြမည့် မန္တလေးငလျင်ဒဏ်သင့် ကျောင်းသား၊ ကျောင်းသူများအတွက် အောင်ချက်မြင့်မားရေးနှင့် သင်ယူမှုများပိုမိုထိရောက်စေရန်အတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောက်ဆည်တက္ကသိုလ်မှ ဆရာ/ဆရာမများမှ Day Camp စခန်းသွင်းလေ့ကျင့်သင်ကြားပို့ချမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြစ်သားမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်တို့သည် ၂၀၂၄-၂၀၂၅ တက္ကသိုလ် ဝင်တန်း Grade-12 စာမေးပွဲကိုပြန်လည်ဖြေဆိုကြမည့် Day Camp စခန်းသွင်းလေ့ကျင့်သင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများကို စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်နှင့် အောင်ချက်မြင့်မားရန်အတွက် လိုအပ်သည့်အကူအညီများကိုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဝါဝါမြင့် ( မြစ်သား )