တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဆေးရေးအရာရှိချုပ် မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော ရွှေကြက်ကျဗုဒ္ဓဆင်းတုတော်ဘုရား ပြန်လည်ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး

အမရပူရ မေ ၅

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ရွှေကြက်ကျဘုရားသို့ ယနေ့ နံနက် ၉ နာရီခွဲအချိန်က မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော ရွှေကြက်ကျစေတီ၌ ကိုးကွယ်ထားသော ဗုဒ္ဓဆင်းတုတော်ဦး ပြန်လည်ပြင်ဆင်နေမှုကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ လာရောက်စစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ အဖွဲ့ဝင် ၁ ဗိုလ်မှူးကျော်တေဇ၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူး တင့်နိုင်နှင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်းတို့က ကြိုဆိုခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီးမှ ပြင်ဆင်နေမှုနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)