မိုးနဲ မေ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ရဲမှူးသန်းစိုးက အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများမှန်ကန်ရေးနှင့် မဲစာရင်းများပြုစုရာတွင် အခြေခံလိုအပ်ချက်များကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးငိုဘွယ်က ငလျင်ဘေးအတွက်အလှုငွေများ ပါဝင်လှူဒါန်းနိုင်ရေး၊ ကဆုံလပြည့် စက်တော်မိုးခေါ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်ကျော်ခိုင်က မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရေးတို့ကိုလည်းကောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်/ကျေးဥက္ကဋ္ဌတို့က လုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များကိုတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)