ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ကျင်းပ

ရပ်စောက် မေ ၆

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်နယ်မှအရာရှိများ၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူး ဌေးရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲ အကောင်ဆုံးတပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှု အကောင်းဆုံးဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြည်သူ့ စစ်မှုထမ်းသင်တန်းသား (၅၃) ဦးအား သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများက ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့နံနက် ၈ နာရီက တပ်မတော်(ကြည်း) အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း စစ်ရေးပြကွင်း၌လည်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၀) ဆင်းပွဲပြုလုပ်ခဲ့ရာ တပ်မတော်(ကြည်း) အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူလှိုင်နှင့် တပ်နယ်မှအရာရှိများ၊ တောင်ကြီးခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီးက စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲအကောင်ဆုံး တပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှု အကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၅၀၅) ဦးအား သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများက ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)