မူဆယ်၌ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

မူဆယ် မေ ၆

(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို မေလ ၃ နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သွေးလှူဒါန်းပွဲတွင် မူဆယ်ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်းတိုး ဦးဆောင်သောအဖွဲ့နှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ဆေးရုံတွင် သွေးလိုအပ်လျက်ရှိသော လူနာများအတွက် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

အဆိုပါ သွေးလှူဒါန်းပေးခဲ့သော တပ်ဖွဲ့ဝင် (၁၀)ဦးကို ခရိုင်ဦးစီးမှူးက အာဟာရနှင့် အလှူငွေများပေးအပ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် (၄၄)ဦးတို့က မြို့နယ်ပြည်သူ့ဆေးရုံးဝန်းအတွင်းရှိ ချုံနွယ်၊ ချုံပုတ်များနှင့် မီးကြိုးနှင့်မလွတ်ကင်းသော သစ်ကိုင်းသစ်ခက်များကို ခုတ်ထွင်ရှင်းလင်းခြင်းအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)