မိုင်းနောင် မေ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့ပူးပေါင်း၍ တိုင်းရင်းသားလူငယ် ဗုဒ္ဓဘာသာဝင်များ၏ Dhamma School ယဥ်ကျေးလိမ္မာသင်တန်းကို ၂၀၂၅ ခုနှစ် မေလ (၁)ရက်နေ့မှ မေ (၁၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ကြောင်း သိရှိရသည်။
မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားလူငယ်များအားလုံး နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊ မိမိတို့ကိုးကွယ်သည့် ဘာသာကို ချစ်ခင် မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ ယဥ်ကျေးလိမ္မာ၍ ဘာသာ၊ သာသနာအပေါ် သက်ဝင်ယုံကြည်အလေးအနက်ထားတတ်စေရန်၊ ဗုဒ္ဓဘာသာအမွေအနှစ်များ လက်ဆင့်ကမ်းနိုင်ရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Dhamma School ယဥ်ကျေးလိမ္မာသင်တန်းကို အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ခန်းမတွင် နည်းပြဆရာ/ဆရာမ (၅)ဦးတို့ဖြင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၂)ဦးတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)