အောင်မြေသာစံမြို့နယ်ရှိ ငလျင်ဘေးသင့်အိမ်ထောင်စုများအတွက် စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံပိုးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

အောင်မြေသာစံ မေ ၆

ငလျင်ဒဏ်သင့်မြို့နယ်များအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို  Social worker (၆) ဦးတို့က မေလ ၅ ရက်နေ့နံနက်ပိုင်းက မန္တ​လေးအောင်မြေသာစံမြို့နယ်၊ ပြည်လုံး ချမ်းသာရပ်ကွက်၊ ပြည်ကြီးရန်လုံရပ်ကွက်တို့ရှိ ယာယီစခန်းများတွင် ပြုလုပ်ဆောင်ရွက်ကြ သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အင်အားပြင်းငလျှင်သက်ရောက်မှုကြောင့် လူသေဆုံးထိခိုက်ဒဏ်ရာ ရရှိမှုများ၊ နေအိမ်များ ပြိုလဲပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူများအတွက် စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးနိုင်ရန်အတွက် Social worker (၆) ဦးတို့ကအဆိုပါ ယာယီစခန်းများရှိ အိမ်‌ထောင်စု(၅၇)စုတို့၏ အချက်အလက်များကို မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့်အတူပူးပေါင်း၍ ကောက်ယူခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ဧပြီလ ၂၅ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အိမ်ထောင်စု(၃၁၀)ကို ဆောင်ရွက်ပြီးခဲ့ကြပြီး ကျန်ရှိနေသော စခန်းအသီးသီးရှိ အိမ်ထောင်စုများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းသိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)