မိတ္ထီလာမြို့နယ်၌ မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

မိတ္ထီလာ မေ၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မန္တလေးငလျင်ကြီးဘေးဒဏ်သင့် အိမ်ထောင်စုများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင်  မြို့နယ်အတွင်းရှိ ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၅ အုပ်စုမှ ကျေးရွာ ၂၈ ရွာတို့ရှိ လုံးဝပျက်စီးသည့် လူနေအိမ် ၃၂ အိမ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့်လူနေအိမ် ၆၄ အိမ်၊ စုစုပေါင်း လူနေအိမ် ၉၆ အိမ်မှ အိမ်ထောင်စု ၉၆ စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း ၉၆၀၀၀၀၀ ကျပ်နှင့် အဆိုပါအိမ်ထောင်စုများမှ လူဦးရေ ၃၈၄ ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း ၁၉၂ဝဝဝဝ ကျပ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးစိုးနှင့်တာဝန်ရှိသူများက  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ