မိတ္ထီလာ၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာ မေ၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံ သွေးလှူဌာန၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မြို့နယ်မီးသတ်ဦးစီးဌာန၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသွေးလှူဒါန်းပွဲအခမ်းအနားတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက သွေး ၃၆ ပုလင်းကို လှူဒါန်းခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဇေယျ၊ ခရိုင်လဝကဦးစီးမှူး ဦးနိုင်ဝင်းကျော်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး၊  မြို့နယ်လဝကဦးစီးမှူးဦးဌေးဝင်းနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းတို့က ကြည့်ရှု့အားပေးပြီး သွေးလှူဒါန်းသူများအား အစာအာဟာရနှင့်အားဖြည့်စားဖွယ်များပေးအပ်သည်။ ထိုနောက် စုပေါင်းသွေးလှူဒါန်းမှုအတွက် ခရိုင်မီးသတ်ဦးစီးမှူးထံသို့  သွေးလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာကို ခရိုင်ဆေးရုံအုပ်ကြီးက ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ