ညောင်ဦး မေ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများသည် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မေ ၂ ရက်၊ နံနက် ၆ နာရီခွဲအချိန်မှစတင်ကာ မီးသတ်တပ်ဖွဲ့နေ့ ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ သမိုင်းအထင်ကရဘုရားတို့တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေသပ္ပာယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်မီးသတ် စခန်းရှေ့တွင် ဗီနိုင်းဆိုင်းဘုတ်အား ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်ခေါင်းဆောင်တို့မှ ဂုဏ်ပြုဆိုင်းဘုတ်အား စိုက်ထူ၍ အမွေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ ဆက်လက်၍ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်း ဦးဆောင်သော ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်သူနှင့်မီးတပ်ဖွဲ့ဝင်များ၊ ပုဂံမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ဖွဲ့အငြိမ်းစားများ၊ ဝံသာနုရက္ခိတအသင်းသား အသင်းသူများက လောကနန္ဒာစွယ်တောမြတ်စေတီတော်ကြီးနှင့် အာနန္ဒာဘုရားကြီး ရင်ပြင်တော်ပေါ်နှင့်ပတ်ဝန်းကျင်ရှိ အမှိုက်များအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ လှိုင်အတွင်းရှိ ဆင်းတုတော်များအား ရောင်တော်ဖွင့်ခြင်း၊ ရေသပ္ပာယ်ခြင်များနှင့်ဘုရားကြီးများ ဘက်စုံပြုပြင်နိုင်ရန် နဝကမ္မအလှူတော်ငွေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း