မဟာအောင်မြေမြို့နယ်၌ ငလျင်ဒဏ်ဘေးသင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများနှင့်အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူများ ကွင်းဆင်းဆောင်ရွက်

မဟာအောင်မြေ မေ ၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်အတွင်း ငလျင်ဒဏ်ဘေးသင့် ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် လိုရာပြည့်စုံရန်မျိုးလုံပေါ်တော်မူ မြတ်စွာဘုရား (၅) ဆူဝင်းအတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွင်းအတွင်း (၂၈-၃-၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့‌သော မန္တ‌လေးမြေငလျင်ကြီး‌ကြောင့် ငလျင်ဒဏ်ဘေးသင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (၁၄၁) ဦး၊ အသက် (၁၀) နှစ်ပြည့် (၆) ဦး၊ အသက် (၁၈) နှစ်ပြည့် (၇) ဦး စုစုပေါင်း (၁၅၄) ဦးအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်း​ဆောင်ရွက်သည့်နေရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ခရိုင်ဦးစီးမှူး ဦးဟိန်းကျော်အောင်၊ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်၊ မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်တာဝန်ရှိသူများက ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း