မိုင်းယောင်း မေ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) တပ်ဦးကျောင်း၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ နမောဿတသုံးကြိမ်ရွှတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဘာသာ၊ သာသနာရေးအကြောင်း သိသင့်သိထိုက်သည်များ၊ စာရိတ္တနှင့် ပြည်သူ့နီတိဆိုင်ရာ အကြောင်းအရာများ၊ (၃၈)ဖြာမင်္ဂလာတရားတော်များ၊ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့်ပတ်သတ်၍ စစ်ဆေးမေးမြန်းသော စာမေးပွဲတွင် ထူးချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ထူးချွန်ဆုပေးအပ်ခြင်းနှင့် ကွန်ပျူတာသင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းကို ပြုလုပ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုထပ်မံချီးမြှင့်ပေးနိုင်ရေး နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရာဇီ(ပြန်/ဆက်)