မန္တလေးငလျင်ကြီး‌ကြောင့် ကလောမြို့နယ်၊ ဟိုတယ်အောင်ပန်းတွင် သေဆုံးသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငွေများပေးအပ်

ကလော မေ ၂

မန္တလေးငလျင်ကြီးကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဟိုတယ်‌အောင်ပန်းတွင် သေဆုံးသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ‌‌ပေးအပ်‌သော ငွေများအား ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကလောမြို့နယ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ကလောမြို့နယ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက မန္တလေးငလျင်ကြီး‌ကြောင့် ကလောမြို့နယ်၊ ဟိုတယ်အောင်ပန်းတွင် သေဆုံးသူမိသားစုဝင်များအတွက် အားပေးစကားပြောကြားခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သောငွေများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဟိုတယ်အောင်ပန်းတွင် သေဆုံးသွားသည့် အုပ်ထိန်းသူမိဘများထံသို့ တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် သေဆုံးသူ(၁၁)ဦးတို့အတွက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)