ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား

ချမ်းအေးသာစံ မေ ၂

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက် ၆၆လမ်း*၃၅လမ်းထောင့်ရှိ မြပါဝါစက်သုံးဆီ အရောင်းဆိုင် (၁) တွင် မေလ ၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်ကို စိစစ်မေးမြန်းခဲ့ရာ ဂါလံ ၃၂၀၀ ဆန့် ဆီဘောက်ဆာယာဥ်မှ SiNOTRUK ယာဥ်ပေါ်သို့ ဆီဖလှယ်စဥ် လျှပ်စစ်မော်တာဝိုင်ယာကြိုး ဝါယာရှော့ဖြစ်ပွားခဲ့ပြီး ဆီအငွေ့မှ မီးစတင်ကူးစက်ခဲ့ရာ မော်တော်ယာဥ်၏ ဦးခေါင်းပိုင်း မီးလောင်ပျက်စီးခဲ့သည်။ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၁၀ စီး၊ အုပ်ချုပ်မှုယာဥ် ၅ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၇ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် လူ/တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ချမ်းမြေ့မောင်