မိုင်းယောင်း၌ (၁၃၅) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် ဒေသထွက်ကုန် MSMEs ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကျင်းပ

မိုင်းယောင်း မေ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၈)ရပ်ကွက်တွင် (၁၃၅)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် ဒေသထွက်ကုန်(MSMEs) ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဝင်းက (၁၃၅) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် ဒေသထွက်ကုန်(MSMEs) ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဒေသထွက်ကုန်(MSMEs) ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ခင်းကျင်းပြသထားသော မြို့နယ်အတွင်းမှ (MSMEs) ဒေသထွက်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ရာဇီ(ပြန်/ဆက်)