တံတားဦးမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် Day Camp စခန်းသွင်း လေ့ကျင့်သင်ကြား

တံတားဦး မေ ၂

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည်ဖြစ်ရာ တံတားဦးခရိုင်အတွင်းရှိ တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့မှ ကျောင်းသား/ သူများအတွက် Day Camp စခန်းသွင်းလေ့ကျင့်ငသင်ကြားနေမှုကို ယနေ့နံနက် (၈) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခများ၊  မကွေးတက္ကသိုလ်မှ ပါမောက္ခများ ၊ မော်လမြိုင် တက္ကသိုလ်မှ ပါမောက္ခများ၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ ပါမောက္ခများက မိမိတို့သင်ကြားပေးရမည့် ဘာသာရပ်အလိုက် အခန်းများများခွဲ၍ သင်ကြားပေးကြသည်။ အဆိုပါဆောင်ရွက်နေမှုအား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ဇွန်လ (၁၆) ရက်နေ့ (၂၁) ရက်နေ့အထိ တက္ကသိုလ်ဝင်တန်းစာမေးမွဲဖြေဆိုကြမည့် ကျောင်းသား/ သူများ စိတ်အေးချမ်း ပျော်ရွှင်စွာ ဖြေဆိုနိုင်ရန်နှင့် အောင်ချက်မြင့်မားရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးပြီး လှည့်လည်ကြည့်ရှုခဲ့ကြသည်။

တံတားဦးခရိုင်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည် ကျောင်း သား/ သူများမှာ သိပ္ပံဘာသာရပ်တွင် ကျောင်းသား/ သူပေါင်း (၃၄၇) ဦး၊ ဝိဇ္ဇာဘာသာရပ်တွင် ကျောင်းသား/သူပေါင်း (၂၈၁) ဦး၊ စုစုပေါင်း (၆၂၈) ဦး တံတားဦးမြို့နယ်မှ သင်ကြားရေးအထက်တန်းပြ (၁၂၈) ဦး၊ ငါန်းဇွန်မြို့နယ်မှ သင်ကြားရေးအထက်တန်းပြ (၂၂) ဦး  တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)