နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ကလေးများအား ဆေးကုသပေးနေမှုအခြေအနေအား ကြည့်ရှုအားပေးပြီး တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့် နေရာအား ကွင်းဆင်းကြည့်ရှု

နေပြည်တော် မေ

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဧပြီ ၃၀ ရက်နေ့နံနက်ပိုင်းတွင်း တာဝန်ရှိသူများ လိုက်ပါလျက် ဒက္ခိဏမြို့နယ်၊ ခုတင်(၅၀) ကလေးအထူးကုဆေးရုံတွင် ကလေးများအား ဆေးကုသပေးနေမှုအခြေအနေအား ကြည့်ရှုအားပေးပြီး လယ်‌ဝေးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့် နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ ခုတင်(၅၀) ကလေးအထူးကုဆေးရုံကြီးသို့ရောက်ရှိပြီး ကလေးများအား ဆေးကုသပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများလိုက်ပါလျက် လယ်‌ဝေးမြို့နယ် အားကစားရုံတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊  နေထိုင်စားသောက်ရေးအတွက် စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ နေထိုင်သင်ကြားနိုင်ရေး၊ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများမှ စနစ်တကျ ကြီးကြပ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)