ပြည်ကြီးတံခွန် မေ ၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၊ ၆၀လမ်း၊ ၁၂၈လမ်းနှင့်၁၂၉လမ်းကြားရှိ ကန်ဝန်မင်းကြီးကျောင်းတိုက်၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်သွားသည့် မန္တလေးငလျင်ကြီး ကြောင့် ငလျင်ဒဏ်ခံရသည့် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူနှင့် နိုင်/ဧည့်/ပြုစိစစ်ရေး ကတ်ပြားမိတ္တူတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သွင်နှင့်အဖွဲ့ဝင်ဝန်ထမ်း (၂၀) ဦးတို့က ယနေ့နံနက် (၉) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းနေရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ မဟာအောင်မြေခရိုင်ဦးစီးမှူး ဦးဟိန်းကျော်အောင်၊ ပြည်ကြီးတံခွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အဖွဲ့ဝင် (၁) ဦးဝင်းအောင်နှင့် အဖွဲ့ဝင်(၃) ဦးသောင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးကျော်သူထွန်းနှင့် (ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်ဖြိုးလင်းတို့က မှတ်ပုံတင်၊ အိမ်ထောင်စုပြုလုပ်နေကြသော ပြည်သူများအား ကြည့်ရှုအားပေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ရာ မှတ်ပုံတင်၊ အိမ် ထောင်စုဇယားများကို စုစုပေါင်း ငလျင်ဘေးသင့်ပြည်သူ (၁၀၀) ဦးအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)