ချမ်းအေးသာစံ မေ ၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ပရဟိတအသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို မေလ ၂ ရက်နေ့ နံနက် (၁၀) နာရီတွင် စိတ္တရမဟီရပ်ကွက် ဆုတောင်းရဘုရားအတွင်း၌ ပေးအပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ ပရဟိတအသင်းများအား လူမှုကူညီရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့သောကြောင့် အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ပရဟိတအသင်းများအတွက် လူမှူကူညီရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးဝင်မည့် လက်အိတ်၊ ဦးထုပ်၊ လေသန့် Mask၊ Mask၊ First Aid ဆေးအိတ်၊ PPE ဝတ်စုံ၊ Shoe ဖိနပ်များဖြစ်သော ထောက်ပံ့ပစ္စည်း (၇) မျိုးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ လက်ခံခဲ့ကြကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး ဦးပြည့်ဖြိုးအောင်နှင့်အဖွဲ့ဝင်များ၊ ပရဟိတအသင်းများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်