ကျောက်ဆည်မြို့၌ MERCY Malaysia အဖွဲ့သည် ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများ ကုသပေး

ကျောက်ဆည် မေ‌ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် MERCY Malaysia အဖွဲ့မှ စိတ်ကျန်းမာရေးပညာရှင်နှင့်ကိုယ်ခန္ဓာပြန်လည်ကျန်းမာဖွံ့ဖြိုးရေး ပညာရှင်များပါဝင်သောဆေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆေးဝါများကုသပေးရာတွင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်တို့သည် ဆေးကုသနေမှုအား လာရောက်ကြည့်ရှု့ခဲ့ကြောင်း ကျား (၁၅) ဦး၊ မ (၃၃) ဦး၊ စုစုပေါင်း (၄၈) ဦးအား အရေပြားရောဂါ၊ ထိခိုက်ဒဏ်ရာ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် အခြားရောဂါများအား ဧပြီလ (၃၀) ရက်နေ့မှ မေလ (၉) ရက်နေ့အထိ (၁၀) ရက်အကြာ အခမဲ့ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)