တံတားဦး မေ ၂
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် (၂၈-၃-၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ငလျင်ဘေးသင့်ပြည်သူများအား လတ်တလောစားသောက်ရေး အဆင်ပြေစေရန် (၁) လစာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် နေအိမ်ပြိုကျပျက်စီးမှုများအား ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ထောက်ပံ့အေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အမှတ် (၂) ရပ်ကွက်၊ ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်နှင့်တာဝန်ရှိသူများ၊ တံတားဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်နှင့်အဖွဲ့ဝင်များ၊ ငလျင်ဘေးသင့်ပြည်သူများက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁) မိနစ်ခန့် ငြိမ်သက်ခြင်း ဆောင်ရွက်ကြသည်။ ဆက်လက်၍ ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်က ငလျင်ဘေးကြောင့် သေဆုံးသူများ၏ မိသားစုဝင်များနှင့် ငလျင်ဘေးသင့်ပြည်သူများအား အားပေးစားပြောကြားသည်။
ဆက်လက်၍ ကျေိာက်ဆည်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်က ငလျင်ဘေးကြောင့် တံတားဦးမြို့နယ်မှ သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများကိုလည်းကောင်း၊ ငလျင်ဘေးဖြစ်ပွားခဲ့သည့် အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ (၁) လစာထောက်ပံ့ငွေကျပ် (၃၈၀.၃၁၆) သန်းအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုထံသို့ လွှဲပြောင်းထောက်ပံ့ခြင်းကိုလည်းကောင်း၊ တံတားဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ငလျင်ဘေးကြောင့် တံတားဦးမြို့နယ်မှ သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ တွဲဘက် အတွင်းရေးမှူး ဒေါ်အိဖြူဖြူနှင်းက ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးကိုလည်းကောင်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြသည်။ ဆက်လက်၍ ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူးနှင့် တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကားပြောကြားက ထောက်ပံ့ငွေများ ထောက်ပံ့ပေးနေမှုကို လှည့်လည်ရှုစစ်ဆေးသည်။ မန္တလေးငလျင်ကြီးကြောင့် တံတားဦးခရိုင်အနေဖြင့် အိမ်ထောင်စုပေါင်း (၁၈၇၅) စု၊ လူဦးရေပေါင်း (၇၁၈၁) ဦး ငလျင်ဘေးသင့်ခဲ့ပြီး၊ လုံးဝပြိုကျပျက်စီးသည့်အိမ်ခြေ (၈၁၆) လုံး၊ တစ်စိတ်တပိုင်း ပြိုကျပျက်စီးသည့် အိမ်ခြေ (၁၀၄၅) လုံး၊ စုစုပေါင်းအိမ်ခြေ (၁၈၆၁) လုံး ထိခိုက်ပျက်စီး ဆုံးရှုံးခြင်း၊ သေဆုံးသူ စုစုပေါင်း (၁၆၀) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူပေါင်း (၉၆) ဦးရှိကြောင်း၊ ငလျင်ဘေးကြောင့် သေဆုံးသူ (၁) ဦးလျှင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ထောက်ပံ့ငွေကျပ် (၁၀) သိန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် (၅) သိန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ် (၃) သိန်း စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၈) သိန်း၊ ငလျင်ဘေးသင့်လူဦးရေပေါင်း (၇၁၈၁) ဦးရှိရာ၊ ပြိုကျပျက်စီးခဲ့သည် အိမ်ခြေ (၈၁၆) လုံးအား ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် စားနပ်ရိက္ခာအနေဖြင့် တစ်လစာအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ ရိက္ခာ (၅) မျိုးအတွက် တန်ဖိုးငွေကျပ် စုစုပေါင်း (၃၈၀.၃၁၆) သန်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူးနှင့်တာဝန်ရှိသူများသည် တံတားဦးမြို့ အခြေခံပညာအထက် တန်းကျောင်းသို့ ရောက်ရှိပြီး Grade-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ သူများ အေးချမ်းစွာ စာသင်ကြားနိုင်ရေး ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဝိုင်းဝန်းပူးဆောင်ရွက်ပေးစေလိုကြောင်း လမ်းညွှန်မှုပြုခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)