ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများနှင့်ပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်း (အခမဲ့) ဆောင်ရွက်ပေး

ပြည်ကြီးတံခွန် မေ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောက်ထပ်၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဘေးကြောင့် ငလျင်ဘေးသင့်ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က (အခမဲ့)ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဉီးစီးမှူး ဦးစီးအရာရှိ ဒေါ်မြတ်မိုးဦးနှင့် အဖွဲ့ဝင်များက ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ဆေး မသောက်မီ မိမိတွင် ဆေးနှင့်မတည့်သော ရောဂါအခံတစ်စုံတစ်ရာရှိလျှင် မသောက်သင့်ကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိရမည်ဖြစ်ကြောင်း၊ မန္တလေးမြို့ အခြားပြည်သူနေရပ်ကွက်များတွင်လည်း ကိုယ်ပိုင်အိမ်သာမရှိသူများကို ဦးစားပေးကာကွယ်ဆေး တိုက်ကျွေးသွားမည်ဖြစ်ကြောင်းနှင့် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်လျှင် ဘေးထွက်ဆိုးကျိုးအကြောင်းအရာများကိုလည်း ဦးစွာရှင်းပြခဲ့ပြီး အဆိုပါ ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် အဖွဲ့ဝင်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မန္တလေးခရိုင်ရုံးမှဝန်ထမ်းများ၊ တရားဥပဒေရုံးမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ရပ်ကွက်နေပြည်သူများကို ဝမ်းပျက်၊ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခဲ့သည်။ ယင်းကာကွယ်ဆေးတိုက်ကျွေးမှုကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် (၃)ကြိမ်တိုင် အခမဲ့ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)