စဉ့်ကိုင် မေ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မတ်လ (၂၈) ရက်နေ့၌ လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်၍ သေဆုံးသူ (၁၃၄) ဦး၏ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်အနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်က ငလျင်ဘေးသင့်၍ သေဆုံးသူများ၏ မိသားစုဝင်များအား အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် (၁၀) သိန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၅) သိန်း၊ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် (၃) သိန်း သေဆုံးသူတစ်ဦးလျှင် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၈) သိန်းနှုန်းဖြင့် သေဆုံးသူ (၁၃၄) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၄၁၂) သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်အဆင့် ထောက်ပံ့ငွေထုတ်ပေးရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းထောက်ပံ့ငွေ ထုတ်ပေးရေးအဖွဲ့မှ သေဆုံးသူ (၁၃၄) ဦးတို့၏ မိသားစုဝင်များထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)