(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဆိုင်းဘုတ်တင်ခြင်းနှင့်ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကျိုးပြုလုပ်ငန်းများ သာစည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်

သာစည် မေ ၂

မေလ ၅ ရက်နေ့၌ ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက ဆိုင်းဘုတ်တင်ခြင်းနှင့်ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကျိုးပြုလုပ်ငန်းများကို မေ ၁ ရက် နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နံနက် ၇ နာရီခွဲတွင် မြို့နယ်ရုံး၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သွယ်သွယ်စန်းနှင့်ကော်မတီဝင်များက အမှတ် (၆) ရပ်ကွက် သာယာကုန်းကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ချမ်းသာအောင်ဘုရားများနှင့် အောင်ချမ်းသာစေတီတော်တို့ ဘုရားရင်ပြင်တော်နှင့်ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)