ကျောက်ပန်းတောင်း မေ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မေလ (၁) ရက်နေ့ နံနက် (၉) နာရီက မြို့နယ် မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ပြီး၊ မွန်းလွဲ (၂) နာရီတွင် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသည့် ဆိုင်းဘုတ်တင်အခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးရှေ့တွင် စိုက်ထူခဲ့ကြပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဒုတိယဦးစီးမှူးများနှင့် အရန်မီးသတ်တပ်ရင်း ဒုတိယတပ်ရင်းမှူးတို့က ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် မွန်းလွဲ (၂) နာရီတွင် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို မြို့နယ်ပြည်သူ့ဆေးရုံးကြီးတွင် ဆောင်ရွက်ခဲ့ရာ၊ သန္ဓေတပ်ဖွဲ့ဝင် (၁၀) ဦးနှင့် အရန်တပ်ဖွဲ့ဝင် (၅) ဦး တို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး၊ သွေးလှူရှင်တပ်ဖွဲ့ဝင်တစ်ဦးချင်းအား၊ မြို့နယ်ဦးစီးမှူးက ကြက်ဥ (၁၀) လုံး၊ အချိုရည် (၁) ကတ်နှင့် သွေးအားတိုးဆေးများ ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)