နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော် မေ ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရေဆင်းအခြေခံပညာအထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်ပြီး ၂၀၂၅ခုနှစ် တက္ကသိုလ်ဝန်ထမ်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်း သင်ကြားလေ့ကျင့်နေမှုအခြေအနေများ၊ ကျောင်းအိပ်၊ ကျောင်းစားထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ နေထိုင်သင်ကြားလေ့ကျင့်နိုင်ရေး၊ စားသောက်ရေးနှင့်ကျန်းမာရေးကို ဂရုပြုဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် စခန်းသွင်းဝင်ရောက်ရေး၊  ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများမှ စနစ်တကျ ကြီးကြပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးတို့ကိုမှာကြားခဲ့သည်။

ထို့နောက် စခန်းသွင်းသင်ကြားလေ့ကျင့်နေသည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် စားသောက်စရိတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)