၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး မေ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပသည်။

ရှေးဦးစွာ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေမှုအား  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားအသင်းများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက အမျိုးသား မီတာ(၃၀၀၀)ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုတံဆိပ်နှင့်ချီးမြှင့်ငွေများကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အမျိုးသား/အမျိုးသမီးလှံတန်ပစ်ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး မီတာ (၄၀၀×၄)လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က အမျိုးသား/ အမျိုးသမီး မီတာ(၁၀၀)တန်းကျော်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဆုတံဆိပ်နှင့်ချီးမြှင့်ငွေများကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အမျိုးသား/အမျိုးသမီး မီတာ(၂၀၀)အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်က အမျိုးသား/အမျိုးသမီး မီတာ(၈၀၀)အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က အမျိုးသမီးတံခွန်စိုက်ဖလားကို ဓနုခရိုင်အသင်းအားလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အမျိုးသားတံခွန်စိုက်ဖလားကို လင်းခေးခရိုင်အသင်းအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်က စုပေါင်းတံခွန်စိုက်ဖလားကို ဓနုခရိုင်အသင်းအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျော်ဇင် (ပြည်နယ်၊ ပြန်/ဆက်)