နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့မဈေးနှင့် မင်္ဂလာ ၈ လမ်း အတွင်းရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်အဆောက်အအုံများအား တပ်မတော်သားများ၊ စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ စုပေါင်း ၍ စက်ယန္တယားကြီးများဖြင့် သန့်ရှင်းရေးဆောက်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့၊ မြို့ဦးကျောင်းတိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်ထံ နာဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းကာ ကျောင်းဝန်းအတွင်းရှိ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများအား ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုပြီး ဆောင်ရွက်နေသည့်တပ်မတော်သားများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်တောရကျောင်း(မြို့တော်ဝန်ကျောင်း) သို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်ထံနဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စများဆပ်ကပ်လှူဒါန်းခဲ့ပြီး  ရေစက်သွန်းချအမျှဝေပေးခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ကျောင်းတိုက်ရှိဆရာတော်သံဃာတော်များအား နေ့ဆွမ်းလောင်းလှူခဲ့ပြီး ကျောင်းထိုင် ဆရာတော်ထံ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။

ထို့်နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်၊ မြတ်မင်္ဂလာလမ်း ပျက်စီးမှုနှင့် မာရဝိဇရဘုရားကြီး ကားကြီးရပ်နားရန်နေရာ ပျက်စီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)