တပ်ကုန်း ဧပြီ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နွေစပါးနှင့် နွေသီးနှံစိုက်ခင်းများ ဆည်ရေအပြင် မိုးရေများရရှိစေရေး မိုးခေါ်လွန်ဆွဲပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ကွင်းအမှတ် ၁၃၁၉ ဗိုလ်မင်းရောင်ကွင်းတွင် အိုးစည်၊ ဒိုးပတ်များဖြင့် ကျင်းပခဲ့သည်။
ထိုမိုးခေါ်လွန်ဆွဲပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ပြီး ဗိုလ်မင်းရောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကဦးဆောင်၍ အမျိုးသားအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ ကလေးငယ်အဖွဲ့များဖြင့် သုံးဖွဲ့ခွဲပြီး မိုးခေါ်လွန်ဆွဲပြိုင်ပွဲ ယှဉ်ပြိုင်ဆွဲခဲ့ကြရာ ပြိုင်ပွဲတွင် ဆုရရှိသည့် အဖွဲ့များကို တာဝန်ရှိသူများက ဆုငွေအသီးသီး ပေးအပ်ချီးမြှင့်ပြီးနောက် ပြိုင်ပွဲဝင်များ၊ ပရိသတ်များနှင့် တာဝန်ရှိသူများက မိုးရွာစေရန် ဆုတောင်းခဲ့ကြောင်း သိရသည်။
တင်စိုးလွင်