ပြင်ဦးလွင်မြို့တွင် သားဖွားသင်တန်းကျောင်း အပတ်စဉ် (၁၂) သစ်လွင်သားဖွားသင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနား ကျင်းပ 

ပြင်ဦးလွင် ဧပြီ ၃၀ 

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း၊ ပြင်ဦးလွင် အပတ်စဉ် (၁၂) သစ်လွင်သားဖွားသင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းခြင်း  အခမ်းအနားကို ယမန်နေ မွန်းလွဲ (၂) နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် သစ်လွင်သားဖွားသင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သင်းသင်းအိက ဩဝါဒစကားမြွက်ကြားပြီး ပြင်ဦးလွင်၊ ကုတင် (၃၀၀)ဆံ့ ဆေးရုံကြီးမှ ဒုတိယသူနာပြုအုပ် ဒေါ်နုနုထွန်းမှ အမှာစကားပြောကြားခြင်း၊ သင်တန်းသူများမှ  ဂရုဏာအလင်းသီချင်းဖြင့် နှုတ်ဆက်သီဆိုကြသည်။ 

ဆက်လက်ပြီး တာဝန်ရှိသူများက သင်တန်းသူ (၇၁) ဦးတို့အား ဦးဆောင်းအပ်နှင်းခြင်း၊ သူနာပြု သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်း၊ တာဝန်ရှိသူများက ထူးချွန်သင်တန်းသူများအား  ဆုများအသီးသီး ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ  ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း  သိရသည်။

ခရိုင် (ပြန်/ဆက်)