ချမ်းအေးသာစံ ဧပြီ ၃၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယမန်နေ့နံနက်ပိုင်းက ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(United Nations Development Programme-UNDP)မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr.Titon Mitra ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံမှု၌ မြန်မာအစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့်အစီအစဉ်များ၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆောင်ရွက်နေသည့် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်လိုသောလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်