အမရပူရမြို့ မှန်တန်းရပ်ကွက်ရှိ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

အမရပူရ ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ မှန်တန်းရပ်ကွက်ရှိ ရပ်ကွက်ခွဲ ၁၄ ခု ရှိမန္တလေးငလျင်ဘေးသင့်ကြသူများ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် IFRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီများအသင်းတို့မှ ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံမှုတွင် မန္တလေးငလျင်ဘေးသင့် အိမ်ထောင်စုပေါင်း ၈၄၇  အိမ်ထောင်စုရှိပြီး တစ်အိမ်ထောင်စုလျှင်ငွေ ၅၀၀၀၀ ကျပ်၊ ဆန် ၆ပြည်၊ မိုးကာ၂ချပ်၊ မိန်ကလေး တစ်ကိုယ်ရေသုံး ၁ အိပ်၊ ယောင်္ကျားလေးတစ်ကိုယ်ရေသုံး၁အိပ်၊ ဆေးစိမ်ခြင်ထောင် ၁ လုံး၊ မီးဖိုချောင်သုံး ပစ္စည်းများ ပါဂျပ်ဖာ ၁ လုံး၊ စုစုပေါင်း​ငွေနှင့်ပစ္စည်း(၆)မျိုး ကို IFRCကိုယ်စာလှယ်များ မြန်မာနိုင်ငံကြက်ခြေနီအသင်း DN ဌာနညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့်အဖွဲ့၊ စေတနာလုပ်အားရှင်များဖြစ်သော အမရပူရမြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ မွန်ပြည်နယ်၊ ရှမ်းရှေ့ကရင်ပြည်နယ်ကြက်ခြေနီအဖွဲ့များမှ မှန်တန်းရပ် ရှိမိုးကောင်းဘုရားဓမ္မာရုံနှင့် နန်းတော်ရာစံပြကွက်သစ်ဓမ္မာရုံ နှစ်နေရာခွဲပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)