မြစ်သားမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရန် ကျောင်းသား/ကျောင်းသားများအား ဆက်လက်လေ့ကျင့်သင်ကြားပေး

မြစ်သား ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည်ဖြစ်ရာ မြစ်သားမြို့နယ်အတွင်းရှိ ကျောင်းများတွင် ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဧပြီလ(၂၉)ရက်နေ့တွင် ဆက်လက်လေ့ ကျင့်သင်ကြားပေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မန္တ‌လေးငလျင်ဒဏ်ကြာင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရ သဖြင့်တက္ကသိုလ်ဝင်စာမေးပွဲကို (၁၆.၆.၂၀၂၅) မှ (၂၁.၆.၂၀၂၅) အထိ ပြန်လည်ဖြေဆိုရမည်​ဖြစ်ပြီး ကျောင်းသူ၊ကျောင်းသားများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန် မြစ်သားမြို့နယ်အတွင်းရှိ ကျောင်းများတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိရာ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား (၂၅)ဦး၊ ကျောင်းသူ (၅၉) စုစုပေါင်း (၈၄)ဦးနှင့် မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား (၁၂)ဦး၊ ကျောင်းသူ (၂၀)ဦး စုစုပေါင်း(၃၂)ဦး ပြန်လည်ဖြေဆိုရမည်ဖြစ်ပြီး ကျောင်းသား/ ကျောင်းသူဦးရေ စုစုပေါင်း (၁၁၆)ဦးတို့ကို ဆက်လက်လေ့ကျင့်သင်ကြား‌‌ပေးခဲ့ကြောင်း သိရသည်။

ဇွန်လ (၁၆) ရက်နေ့မှ ၂၁ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်နှင့် အောင်ချက်မြင့်မားရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ကျောင်းသား/ကျောင်းသူများအတွက် လိုအပ်သည့် ကူညီများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                                             

ဝါဝါမြင့် (မြစ်သား)