မိုးကောင်း ဧပြီ ၃၀
ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန်အတွက် Grade- 12 သင်ဆရာ၊ ဆရာမများအား တက္ကသိုလ်ပါမောက္ခများမှ Online Zoom ဖြင့် TOT ပြန်လည်ပို့ချခြင်းကို ဧပြီ(၂၈)ရက်နံနက်(၉)နာရီတွင် ဆောင်ရွက်လျက်ရှိရာ မိုးကောင်းမြို့နယ်မှ ဆရာ၊ ဆရာမများက မိုကောင်းခန်းမ၌တက်ရောက်သင်ယူကြောင်း သိရသည်။
မိုးညှင်းခရိုင်အတွင်း မိုးညှင်းနှင့်ဟိုပင်မြို့မှ ဆရာ၊ ဆရာမများအတွက် အထက(၁)မိုးညှင်းမြို့တွင် လည်းကောင်း၊ မိုးကောင်း၊ နမ္မတီး၊ ကားမိုင်း၊ ပင်းဘောမြို့တို့မှ ဆရာ၊ ဆရာမများအတွက်မိုးကောင်းမြိုတော်ခန်းမတွင် လည်းကောင်း၊ ဖားကန့်မြို့မှ ဆရာ၊ ဆရာမများအတွက် အထက(ဖားကန့်)တွင်လည်းကောင်း Zoom ဖြင့် သင်တန်းပေးခြင်းဖြစ်သည်။
အဆိုပါ TOT ပြန်လည်ပို့ချခြင်းကို ဧပြီ (၂၈)မှ မေလ(၁)ရက်နေ့ထိပို့ချမည်ဖြစ်ပြီး နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ ဘာသာရပ်အလိုက် သင်ခန်းစာများ အသီးသီး ပြန်လည်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)