ပုဇွန်တောင်မြို့နယ် ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲ လှုပ်ရှားမှုများဆောင်ရွက်

ပုဇွန်တောင် ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်စေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် တိုးတက်‌ကောင်းမွန်စေရန် ရည်ရွယ်၍ ဧပြီလ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲနှင့်ဉာဏ်စမ်း စွမ်းရည် ပြိုင်ပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲဆောင်ရွက်မှုများကို ကျောင်းသား/ကျောင်းသူကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ခဲ့ကြပြီး ပုဇွန်တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များ စာကြည့်တိုက် အသုံးပြုတတ်စေရန်၊ ဉာဏ်ရည် /ဉာဏ်သွေးထက်မြက်စေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် တိုးတက်‌ကောင်းမွန်စေရန် ရည်ရွယ်၍ လစဉ်တိုင်း ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်