ကျောက်ဆည်မြို့တွင် အစားအသောက်ရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ကျောက်ဆည် ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် အစားအသောက်ရောင်းချသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဈေးကွက်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းစွာရှိရေး၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အစားအသောက်များ  လတ်ဆတ်သန့်ရှင်းရေး၊ ပေးအပ်သည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြပေးနိုင်ရေး၊ ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစားအရွယ်အလိုက် ဈေးနှုန်းများ ပွင့်လင်းမြင်သာစွာ ရောင်းချပေးနိုင်ရေ စသည့်အချက်များကို ကွင်းဆင်းစစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

စုစုအေး(ကျောက်ဆည်)