မြစ်သား ဧပြီ ၃၀
မန္တလးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများအားစခန်းသွင်း လေ့ကျင့် သင်ကြားခြင်းကို ဧပြီလ ၂၈ ရက်နေ့မှစ၍စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်း၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားရေး (၁၉) နေရာနှင့် ကန့်သွင်းနေရာများ ဖြစ်သည့် မြစ်သားမြို့တွင် မင်းကုန်းကျောင်းနှင့် ကူမဲမြို့တွင် ဘုရားစုကျောင်းများ၌ စခန်းသွင်းသင်ကြားနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြစ်သားမြို့နယ်ရှိ အခြေခံ ပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးထက်တန်းကျောင်းတွင် ကျောင်း သား(၁၁) ဦး၊ ကျောင်းသူ (၁၉)ဦး စုစုပေါင်း(၃၀) ဦးနှင့် မြို့မအထက်တန်းကျောင်းတွင်ကျောင်းသား(၂၂)ဦး၊ ကျောင်း သူ (၄၉)ဦး စုစုပေါင်း (၇၁)ဦးသင်ကြားလျက်ရှိပြီး၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူ စုစုပေါင်း (၁၀၁)ဦးတို့သည် ဧပြီလ ၂၈ ရက်နေ့မှ စတင်သင်ကြားခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)