ကျောက်ဆည်မြို့၌ Col. Suthawut Naksri ဦးဆောင်သော ထိုင်းနိုင်ငံဆေးကုရေးအဖွဲ့သည် ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများကုသပေး

ကျောက်ဆည် ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင်  ထိုင်းတော်ဝင်လေတပ်မှ Col. Suthawut Naksriဦးဆောင်သော ဆေးကုသရေးအဖွဲ့သည်  ယမန်နေ့နံနက်ပိုင်းက ဆူးကုန်းရပ်ကွက်ရှိ မဟာဝိသုတာရာမကျောင်းတိုက်တွင် ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆေးဝါများကုသပေးရာတွင် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်အဖွဲ့ဝင်များက ငလျင်ဘေးသင့်ပြည်သူ (၃၃၂)ဦးအား ဆေးကုသနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ထိုင်းတော်ဝင်လေတပ်အား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းနှင့် ငလျင်ဘေးသင့်ပြည်သူများအား ဧပြီလ (၃၀) ရက်နေ့အထိ ဆေးဝါးများဆက်လက်ကုသပေး မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)