မိုင်းရှူးမြို့၌ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အောင်ပန်းဟိုတယ်အတွင်း မိုင်းရှူးမြို့နယ်မှ သေဆုံးသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်ငွေများအား ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မိုင်းရှူး ဧပြီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မန္တလေးအင်အားပြင်း ငလျင်လှုပ်ခတ်မှု​ကြောင့် အောင်ပန်းဟိုတယ်တွင် တည်းခိုစဥ်ဟိုတယ်ပြိုကျမှု​ကြောင့် ​သေဆုံးခဲ့ရ​သော မိုင်းရှူးမြို့နယ်၊ ဟိုဆိုင်ကျေးရွာအုပ်စု၊ ဝမ်ကန်ရွာမှ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦးတို့၏ ကျန်ရစ်သူမိသားစုဝင်များအား အမျိုးသားသဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီမှ ပေးအပ်ငွေများအား ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က နှစ်သိမ့်အားပေးစကားပြောကြားပြီး ငလျင်လှုပ်ခတ်မှု​ကြောင့် အသက်ဆုံးရှုံးခဲ့ရ​သော ကျန်ရစ်သူမိသားစုဝင်များအား​ သေဆုံးသူ(၆)ဦး၊ တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းဖြင့် ထောက်ပံ့​ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦး​မောင်​မောင်လွင်၊ မြို့နယ်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်၊ ခရိုင်မိခင်နှင့်က​လေး​စောင့်​ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/​ကျေးရွာအုပ်စုအဖွဲ့ဝင်များ၊ ငလျင်လှုပ်ခတ်မှု​ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ကျန်ရစ်သူမိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)