တာချီလိတ် ဧပြီ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ယမန်နေ့ နံနက်အစောပိုင်းက မိုးရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းကာ မြေနိမ့်ရပ်ကွက်များတွင် ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မိုးရွာသွန်းခြင်းကြောင့် ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်းနှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)