လှည်းကူးမြို့နယ်၌ (၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးအသိပညာပေးခြင်းနှင့် တစ်အိမ်တက်ဆင်း မီးဘေးစစ်ဆေးပေးခြင်းများဆောင်ရွက်

လှည်းကူး ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် မေလ(၅)ရက်နေ့တွင် ကျရောက်မည့်(၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့မွန်းလွဲပိုင်းက မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ တစ်အိမ်တက်ဆင်း စစ်ဆေးပေးခြင်း၊ မီးသတိပေးဆော်ဩခြင်းများ လိုက်လံဆောင်ရွက်ပေးခဲ့သည်။

ဦးစွာလှည်းကူးမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးဝဏ္ဏစိုးဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်ဖြင့် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မီးကိုပေါ့ဆစွာ အသုံးမပြုကြစေရေး၊ မီးကိုစနစ်တကျ အသုံးပြုကြစေရန်၊ မီးဘေးကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့်ပတ်သက်၍ အသိပညာပေး ဆော်သြခြင်းများ၊ တစ်အိမ်တက်တစ်အိမ်ဆင်း မီးဘေးစစ်ဆေးပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် မီးဘေးစစ်ဆေးပေးခြင်းများကို မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အတွင်း ဆက်လက်လိုက်လံ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)