ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဥ်ဖြင့် ဆောင်ရွက်သည့် (တောင်သူဆု)နွေစပါးစံပြစိုက်ခင်းရိတ်သိမ်းပွဲကျင်းပ

လှည်းကူး ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့် ဆောင်ရွက်သည့် နွေစပါးစံပြစိုက်ခင်း ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် ၁၀၅၇-ခ၊ ဦးပိုင်အမှတ်(၅၂) တောင်သူဦးချစ်ဟန်၏ လယ်မြေတွင် စံပြရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ခင်းဧကအတွင်းရှိ NAS-10(NEW-10) မျိုးသန့်အား နွေစပါးစိုက်မျိုးထားရှိပြီး စံပြကွက်ရိတ်သိမ်းရာ စပါးအစိုထွက် (၁၇၆.၆၀)တင်းနှုန်းနှင့် စပါးအခြောက်ထွက် (၁၅၈.၉၄)တင်းနှုန်းထွက်ရှိကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုစံပြကွက်ရိတ်သိမ်းရေးအဖွဲ့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့နှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)