ရန်ကုန် ဧပြီ ၂၉ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်က အင်းစိန်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တွင် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး( GDP)မှာ နှစ်အလိုက် စျေးနှုန်းများအရ ကျပ် (၃၀၉၂၃၃၀.၈)သန်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ကုန်ခန့်မှန်းခြေအပေါ်တိုးတက်မှုနှုန်း ၂.၉ ရာခိုင်နှုန်းရရှိရန် ရည်မှန်းထားပြီး လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးကို (၀.၄)ရာခိုင်နှုန်း၊ စက်မှု ကဏ္ဍကြီး၏ ပါဝင်မှုအချိုး(၅၉.၀)ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုး(၄၀.၆)ရာခိုင်နှုန်း ရရှိရန် ရည်မှန်းထားပါကြောင်းပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဆွေက ၂၀၂၅.၂၀၂၆ ဘဏ္ဍာ
ရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဒေသန္တရစီမံကိန်းရည်မှန်းချက် များနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်းသိရပြီး အင်းစိန်မြို့နယ်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ကျပ်သန်း(၁၅၁၂၃.၁၁၄) ဖြင့် လုပ်ငန်း(၅၇)ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)