ဇေယျာသီရိမြို့နယ်၊ ရေဆင်းတက္ကသိုလ်နယ်မြေများတွင် ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် သောက်သုံးရေသန့်များ သွားရောက်လှူဒါန်း

ဇေယျာသီရိ ဧပြီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းတက္ကသိုလ်နယ်မြေများတွင် ယာယီတည်းခိုနေထိုင်သည့် ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် သောက်သုံးရေသန့်များ သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဝန်ထမ်းများထံ လက်ဝယ်အရောက် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဇေယျာသီရိမြို့နယ်၊ ရေဆင်းတက္ကသိုလ်နယ်မြေ၊  ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် သောက်သုံးရေသန့်များ သွားရောက်လှူဒါန်းခြင်းတွင် ဥတ္တရခရိုင်မှ ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင် ကိုဖြိုး၊ ဥတ္တရခရိုင် ကြက်ခြေနီသူနာပြု တပ်ဖွဲမှူး ညီညီအောင်၊ ဇေယျာသီရိတပ်ဖွဲမှူးနှင့် တပ်ဖွဲ့ဝင်များမှ အလှူရှင်များက တစ်လီတာသောက်ရေသန့်ဘူး ၆ ဘူးပါ ကတ် ၅၀၊ ၂၀လီတာဘူး ၅၀ နှင့်  ရေတိုင်ကီ ၂ လုံးပါ ကားတစ်စီးစာ သောက်သုံးရေသန့်များအား ယာယီတည်းခိုနေထိုင်သည့် ငလျင်ဘေးသင့်ဝန်ထမ်းများထံ လက်ဝယ်အရောက် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)