သုံးခွ ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် မြို့နယ်အဆင့်ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အပြည့်အဝအထောက် အကူဖြစ်စေရန်၊ အခြေခံပညာကျောင်းများတွင် ကာယပညာနှင့် အားကစားလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ သင်တန်းသား/သူ ဆရာမ ဆရာမများနှင့် ကာယဆရာမ စုစုပေါင်း (၃၃) ဦးတို့အား နည်းပြ ဆရာမ (၄) ဦးတို့က ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲ ၃၊ ၄ နှင့် fitness Dance သင်တန်းကို ဧပြီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)