ကော့မှူး ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်သံဃာ့နာယကဆရာတော်များနှင့် ဒါယိက၊ ဒါယိကာမများ စုပေါင်း၍ ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းနိုင်ရန် “ငလျင်ဘေးသင့်ဓမ္မသဘင်ပွဲ” ကို ယမန်နေ့ည ၇ နာရီက ပြည်တော်သာရပ်ကွက် ဇောတိကမလွန်ဆန်ဓမ္မရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ငလျင်ဘေးသင့်ဓမ္မသဘင်တရားပွဲတွင် ဘဒ္ဒန္တဓမ္မပီယက (မျှော်တော်ရောင်ကျောင်းတိုက်) ဆရာ တော်ကနိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်များကို ဟောကြားချီးမြှင့်တော်မှုခဲ့ပြီး မတည်အလှူရှင်များနှင့် တရားနာပရိတ်သတ်များက တရားတော်မြတ်များကို နာယူခဲ့ကြပြီး ဓမ္မပူဇာအလှူငွေစုစုပေါင်း တစ်ရာလေးသိန်းနှစ်သောင်းငါးထောင်ကျပ်ကို တာဝန်ရှိသူများ၊ တရားနာပရိတ်သတ်များက ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ကျော်သူရ