မြောက်ဥက္ကလာ ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် မီးဘေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧပြီ ၂၅ ရက်နေ့ နေ့လယ် ၃ နာရီအချိန် ရွှေပေါက်ကံရပ်ကွက်အတွင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူမျိုးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်၀င်း၊ ရာအိမ်မှူးများဖြင့် ပူးပေါင်း၍ မီးဘေးအန္တရယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရွှေပေါက်ကံရပ်ကွက်ရှိ ပြည်သူများအနေဖြင့် မိမိရပ်ကွပ်အတွင်း မီးဘေးလုံခြုံရေးလျှပ်စစ်မီးသုံးစွဲမှုနှင့် လျှပ်စစ်သွယ်တန်းမှုအခြေအနေ၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ပစ္စည်းကိရိယာများထားရှိမှု အခြေအနေ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ရေလုံလောက်စွာရရှိမှုအခြေအနေ၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စနစ်တကျထားရှိမှု အခြေအနေများနှင့် ရပ်ကွက်များအတွင်း မီးသတ်ကားများ အလွယ်တကူဝင်ရောက်နိုင်မှု ရှိ/မရှိ စသည့်အခြေအနေများအား အသိပညာပေးဟောပြောခြင်း၊ အိမ်တစ်တက်တစ်အိမ်ဆင်းမီးဘေးစစ်ဆေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးနိုးဆော်ခြင်းများကို ကွင်းဆင်းစစ်ဆေးအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)